Tuesday 27 September 2011

သဘောအတိုင်း


သေချင်သေ
ရှင်ဆိုရှင်
နေရဲပေမယ့်
အမုန်းတွေပေး
အဝေးဆုံးကိုတော့
ထွက်မသွားလိုက်ပါနဲ့
မင်းနှလုံးသားနဲ့
ဝေးသွားရင်
ကိုယ်မနေတက်လို့ပါ...

အပြစ်


ကိုယ်ရဲ့အကျင့်တွေကြောင့်
မင်းကိုယ်ကိုမုန်းချင်
မုန်းသွားလိမ်မယ်...
ကိုယ်ခွင့်လွတ်ပါလို့
မပြောချင်ပါဘူး..
ကိုယ်ကအမှားလုပ်ထားတဲ့
လူလေ...
မင်းပေးတဲ့
အပြစ်တွေကို
ကိုယ်ရဲ့နှလုံးသွေးနဲ့
သန့်စင်ပါ့မယ်လို့
ဂတိပေးပါတယ်.............

မင်းသိစေရန်


ဝေးခဲ့ရတဲ့ညတွေ
တွေ့ခွင့်မရှိတဲ့
နေ့တွေမှာ
မင်းကောင်းကင်ပေါ်ကို
မော့ကြည့်လိုက်ပါ......
ကောင်းကင်တစ်ခွင်လုံး
လင်းလတ်နေတဲ့
ကြယ်လေးတွေက
ကိုယ်ပါပဲ
မင်းကို
ညစဉ်ညတိုင်းဖော်ပြုပေးလိမ့်မယ်
မနက်ခင်းတိုင်းမှာ
ကောင်းကင်ကိုမော့ကြည့်လိုက်ပါ
လွင့်မျောနေတဲ့
တိမ်တွေက
ကိုယ်ပါ
မင်းကို
နေစဉ်နေတိုင်းအဖော်ပြုပေးလိမ့်မယ်.........

အရှုံးသမား



တကယ်လို့သာ
မင်းနဲ့ဝေးသွားခဲ့ရင်
ငါ့ရဲ့ရင်ဘက်တစ်ခုလုံး
ကြေမွပျက်ဆီး
သွားနိုင်တယ်
မင်းသွားမယ့်လမ်းမှာ
ဆူးညောင့်ခလုတ်တွေမရှိအောင်
ကြေမွပျက်ဆီးသွားတဲ့
နှလုံးသား
အပိုင်းအစတွေနဲ့လမ်းခင်းပေးမှာပါ
မင်းနင်းလျောက်သွားလိုက်ပါ.................

Thursday 22 September 2011

`ချစ်သူ...´


`ချစ်သူ...´
ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း
မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ...
အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့
သတိရနေဆဲပါ ချစ်သူ...
အနမ်းတွေ ပေးချင်နေပေမယ့်
ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး...
ငါမင်းကို အပြစ်မပြောရက်ပါဘူး
ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ...
`ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင်
ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ...
`ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး...
ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင်
ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ...
tunlinag23@gmail.com

Wednesday 21 September 2011

မုန်းခွင့်မရှိ




လွမ်းတယ်ဆိုတာ
နှလုံးသားပါတဲ့လူသားတိုင်းလွမ်းလို့ရတယ်.....
ချစ်တယ်ဆိုတာ
နှလုံးသားပါတဲ့လူသားတွေမို့ချစ်ခွင့်ရှိတယ်
လူသားတွေဖြစ်နေတာကြောင့်
လွမ်းမယ်....သတိရမယ်...ချစ်မယ်...ပေါ့
ဒါပေမယ်....
မင်းမှတ်ထားဖို့က
မုန်းခွင့်မရှိဘူး... OK !

ချစ်သူဖတ်ရန်...


ငါအချစ်တွေကိုကျောက်ထပ်အက္ခရာတင်

မင်းနှလုံးသားမှာသံမှိုလိုစွဲကပ်ထားပြီး

ဘယ်တော့မှမပျက်ဆီးသော

အချစ်တွေနဲ့

ဘ၀ဆက်တိုင်းမင်းနဲ့ပဲဆုံစည်းရပါစေသား

အချစ်စစ်မှန်ရင်အရာရာကိုယ်တို့နှစ်ယောက်

ကျော်လွားနိုင်မှာပါချစ်သူ…..

မင်းအားမလျော့လိုက်ပါနဲ့

မင်းဘက်ကအမြဲရပ်တည်ပေးနေမှာပါ

အရာရာဟာမတည်မြဲပေမယ့်

ငါအချစ်တွေကတော့မင်းအတွက်

တည်မြဲနေတာကိုမင်းသတိရပါ

မင်းအားငယ်နေတဲ့အခါ

ကိုယ်ကိုတမ်းတလိုက်ပါ

ကိုယ်အမြဲတမ်းမင်းဘေးမှာရှိနေမှာပါ

မင်းအတွက်ကိုယ်ဟာ

နေမင်းကြီးဖြစ်သလို

လမင်းကြီးလည်းဖြစ်ပါတယ်

ကိုယ်တို့နှစ်ယောက်ချစ်ခြင်းတရားတွေနဲ့

အရာရာကိုကျော်လွားနိုင်မှာပါ

လောကရဲ့ခရီးကြမ်းဆို

အမြဲတမ်းဖြောင့်ဖြူးနေမှာမဟုတ်ပါဘူး

ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကတော့

ကမ္ဘာအဆုံးရာဇ၀င်တွင်အောင်ချစ်နေမယ့်

အချစ်စစ်ဆိုတာကိုယ်ယုံကြည်ပါတယ်ချစ်သူ

ကိုယ်တို့တခါတလေစိတ်ဆိုးရန်ဖြစ်တာရှိနိုင်ပေမယ့်

ကိုယ်တို့အတွက်အမြဲတမ်းကြီးမဟုတ်ပါဘူး

ကိုယ်အတွက်မင်းက

ဘုရားပေးသောလက်ဆောင်ပါပဲ

မင်းအတွက်ကိုယ်ဟာ..

ဓူဝံကြယ်လိုပါပဲ…

မင်းသွားလိုတဲ့နေရာကိုလမ်းပြပေးမှာပါ

စေလိုရာစေသွားလိုရာ

မင်းသဘောအတိုင်းလိုက်လျောပေးမှာပါ

ဘယ်ဆီမှာလဲ


ဂစ်တာလေးကမေးနေတယ်

သံစဉ်လေးတွေ

သီကုံးတဲ့တက်တဲ့ကောင်မလေး

ဘယ်မှာလဲတဲ့

ဟာ……………..

ကိုယ်ဘယ်လိုဖြေရမလဲ

ပန်းပင်လေးတွေကလည်းမေးနေတယ်

ပန်းပွင့်လေးတွေ

ပန်ဆင်တက်တဲ့ကောင်မလေး

ဘယ်မှာလဲတဲ့

ဟာ………………

ကြယ်ကလေးတွေကလည်းမေးနေတယ်

ကြယ်ကြွေတိုင်းဆုတောင်းတက်တဲ့

ကောင်မလေးဘယ်မှာလဲတဲ့

ဟာ………………..

သူတို့မှာမေးရက်လိုက်တာ

ကိုယ်မှာတော့မင်းကိုလွမ်းလို့

တမ်းတရင်းနဲ့

အလွမ်းတွေကိုအဖော်ပြုရင်း

မင်းပြန်လာမယ့်

လမ်းကစောင့်ကြိုနေမယ်……………………..


ကြယ်ကြွေညရဲ့နတ်သမီး










ကြယ်တစ်စင်းကြွေကျတယ်

နှလုံးသားရဲ့အနက်ရှိင်းဆုံးနေရာကို

လပြည့်ညရဲ့သန်းခေါင်ချိန်

လစ်ဟာနေတဲ့နှလုံးသား

မင်းပေးခဲ့တဲ့အမှတ်တရများ

သတိရမိတော့

လွမ်းဆွတ်မီ

ကြယ်တစ်ကြွေတိုင်း

တမ်းတမီ

မင်းနှုတ်ခမ်းက

အနမ်းတစ်ပွင့်

ကြေကွဲနေတယ်

ငါ့တစ်ယောက်တည်း

ဘယ်ဆီမှာလဲ

ငါရဲ့အချစ်

ကမ္ဘာတစ်ဖတ်ဆီမှာ

မဆုံနိုင်အောင်ဝေး

ဘယ်ဘ၀က၀ဋ်ကြွေးလဲ

ကြယ်ကလေးရယ်

ပြောပြလိုက်ပါတယ်

ကျနော်…………….

အရမ်းလွမ်းနေတယ်လို့


Tuesday 20 September 2011

ရင်ကွဲခြင်း


ကမ္ဘာကြီးထဲမှာ
တစ်ဘ၀လုံး
နင်တစ်ယောက်ပဲ
ချစ်ခဲ့တာပါ……
နှစ်ယောက်တည်းရှိတဲ့
အချိန်တွေဆို
ပျော်ရွင်စရာတွေပေါ့
အခုတော့နင့်က
ပြောင်းလဲသွားခဲ့ပြီ
ငါရဲ့အမှားတစ်ခုကို
နင့်ကစွတ်စွဲချက်
တွေအများကြီးထုတ်ခဲ့တယ်
ပြီးတော့ငါကို့နင်
ဖျက်ခဲ့တယ်လေ
နောက်ကွယ်မှာကြားပါတယ်
ငါနဲ့တွဲလာရတာ
ရိုးသွားပြီတဲ့
မိန်းမမာယာက
အရမ်းကြောက်ဖို့
ကောင်းတယ်ဆိုတာ
ငါသင်ခန်းစာရလို့သွားပါပြီ

တိပ်တခိုးချစ်သူ

အချိန်တွေသာနောက်ဆုတ်လို့ရခဲ့ရင်
မင်းကိုပြောပြချင်တယ်
မင်းကိုငါအရမ်းချစ်တယ်…………
အခုအချိန်မှာတော့အရာရာဟာ
ပြီးဆုံးသွားခဲ့ပါပြီ………..
ငါရဲ့ဆွံအခဲ့ရတဲ့နှလုံးသားကြောင့်ပေါ့
“ချစ်တယ်”ဆိုတဲ့စကားလုံးပြောရမှာ
သေမလောက်ကြောက်ခဲ့တယ်
မင်းစိတ်ဆိုးသွားမှာကြောက်လို့
အခုတော့ငါက
မင်းရဲ့”ပထမ”မဖြစ်ရင်တောင်
နောက်ဆုံးလူတစ်ယောက်အဖြစ်
လက်ခံပေးဖို့တောင်းဆိုပါတယ်………..<3

ရင်ကွဲလိပ်ပြာ

ပန်းကလေးတွေလှပဖို့အတွက်
ဝတ်မှုံတွေကိုကူးပေးခဲ့တယ်
ပန်းကလေးတွေပွင့်ဖူးဖို့အတွကပေးဆပ်ခဲ့တယ်
ပေးဆပ်ချင်းနှလုံးသားနဲ့ပေါ့
ပန်းကလေးရယ်
မင်းက
အချိန်တန်ရင်တော့….
ငါကိုမေ့ပျောက်သွားမှာပါ
ပျောက်ဆုံးသွားသောအချစ်
ပေးဆပ်ခဲ့တဲ့နှလုံးသား
ရင်းခဲ့ရတဲ့ငါအချစ်တွေ
ဘယ်မှာလဲ……….
မင်းဖျက်ဆီးခဲ့ပြီလေ
မင်းကြောင့်နှလုံးသားဟာ
အပိုင်းပိုင်းပျက်ဆီးသွားပေမယ့်
ကမ္ဘာအဆုံး
ရာဇ၀င်တွင်အောင်ချစ်နေမယ့်အချစ်ပါ

LinkWithin