Tuesday 18 October 2011

ကဗျာစုစည်းမှုများ

ဘ၀ကြီးကိုပြောင်းပြန်လှန်ပစ်ပြီးတော့

နင်ဖြစ်နေတဲ့အမှန်းတွေကို

အချစ်တွေအဖြစ်ငါပြောင်းလိုက်ချင်တယ်

နင်နှလုံးသားပင်လယ်ထဲမှာ

ငါကူးခတ်နေရတာမောဟိုက်နေပြီ

မိန်းကလေးရေ


လူတွေဟာဟန်ဆောင်ခြင်းတွေနဲ့ပြည့်နက်နေကြတယ်

လောကကြီးကလည်းဟန်ဆောင်ခြင်းတွေနဲ့ပြည့်နက်နေပြီ…….

သဘာဝတရားကြီးကတော့ဟန်ဆောင်ခြင်းကင်းမဲ့တယ်

ငါလည်းသဘာဝတရားကြီးလို

ဟန်ဆောင်ခြင်းကင်းမဲ့ပြီးတော့

မင်းကိုချစ်တယ်ပြောလိုက်ချင်တယ်



မင်းစာနာလှည့်ပါအုံး

အမုန်းနှင့်အချစ်ဆိုတာ

ဒွန်တွဲနေတာပါ

မိန်းကလေးရယ်

မင်းငါ့ကိုအဲ့လောက်တောင်မုန်းနေရင်…..

မင်းငါ့ကိုတစ်နေ့…..အရမ်းချစ်သွားမှာပါ


ဘ၀ဆိုတဲ့လမ်းခရီးကြမ်းမှာ

ငါတစ်ယောက်ထည်းလျောက်လှမ်းနေရင်း

လမ်းပျောက်သောညတွေမှာ

ဓူဝံကြယ်လိုလမ်းပြပေးသော

အချစ်ဆိုတာသိတက်လာအောင်သင်ပေးသော

လူတွေဟာ

ရည်စားဟောင်းကို

တစ်ချိန်ချိန်မှာ

မကြည့်ချင်လောက်အောင်မုန်းတက်ကြတယ်

သူတို့တွေရည်းစားဟောင်းကို

နှလုံးသားအသစ်နဲ့ချစ်ကြည့်ဖို့

မကြိုးစားကြတော့ဘူးလား

No comments:

Post a Comment

LinkWithin