Friday 21 October 2011

E ယဉ်ကျေးမှု ...

ဒီနေ့ ၁၀ရက် ၁၀လ ။ ဒီမှာ အမျိုးသားနေ့  ။ holiday ပေါ့ ။ ဒါပေမဲ့  နွားဇာတာ ပါတဲ့  ဖွားကိ တယောက် က အလုပ် မနားရပါ ။ ကံမကောင်းရတဲ့  ကြားထဲ E ဇာတ်လမ်းများ လာကြုံနေရတော့ E မှန်တဲ့  မျက်နှာနဲ့  E အကြောင်း ရေးချင် စိတ် ပေါက်လာ မိတယ်ပေါ့ ။ စောစောစီးစီး E တစ်တဲ့  လူနာ အဖိုးကြီင်္း ။ ယဉ်ကျေးစွာပြောရရင်တော့ ဝမ်းချုပ် ၊ ဝမ်းမာ လို့ စမြင်းတုံး က စအို ဝ မှာတစ် နေတော့ ကုန်းကုန်းကွကွ နဲ့  အဖိုးကြီး ပေါ့ ။ ထုံးစံအတိုင်း ဝမ်းချူဆေး ရည် ဂလစ်ဆရင်းဘော ၂ခု ( လက်ပစ်ဗုံး ၂လုံး ပစ်သွင်းပေးခြင်း) ချူလို့ မထွက် တော့ Glycerine Enema (S.S Enema တချို့ သုံးသည် ) ။ဒါကတော့ ဂလစ်ဆရင်း အရေကျဲ သို့ မဟုတ် ဆပ်ပြာရည်ကျဲ ကို ၂၀၀ မှ ၃၀၀ စီစီ လောက် ထဲ့ပြီး ဝမ်းချူ တာလည်း မထွက် ။ ဒါနဲ့ ပဲ သူ့အကျပ်အတည်း ကို လက် နဲ့  ကော် ပြီး ရှင်းပေးလိုက်ရသည် ။ စအိုဝ နဲ့  စအိုထဲ တစ်နေတဲ့  လောက်စလုံး လို မာမာ စမြင်းတုံး များ လက်တဆုပ်စာလောက် ထွက်သွားတော့ မှ" ရှေ့ ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့် လိုက်၏" ဆို သလို .....တန်းစီ ထွက်လာပြီး ဒီအဖိုးကြီး နေသာထိုင်သာ ရှိသွားရပါတော့ သည် ပေါ့ ကွယ် ။ သူ က သာ နေသာထိုင်သာ ဖြစ်သွားရတယ် ။ မနက်စာ မစားရသေးတဲ့  ကိုယ် တယောက် ဒီနေ့ အဖို့  မနက်စား စားလိုစိတ် မရှိတော့ပါ။


E ဇာတ်လမ်းက ဒါနဲ့တင် မပြီးသေးပါ ။ ၁၀ နာရီ ထိုးတော့ ၆ထပ် မှာ ရှိတဲ့ ကျောက်ကပ်ဆေးတဲ့  လူနာတွေ အခန်း သွားတဲ့ အချိန်လဲ E မှန် လိုက်ရသေးတယ် ။ ကျောက်ကပ်ဆေး တာက လူ နာ တယောက်ကို တပါတ် မှာ ၃ ခါ ဆေးရတယ် ၊ တခါဆေးရင် ၄ နာရီကြာ ဆိုတော့ ဆေးရုံ ဟာ ကိုယ့်အိမ်လို ဖြစ်နေကြ ပါပြီ ။လူနာ နဲ့ဆရာဝန် ဆရာမတွေ ဆိုတာ လည်း မိသားစု လိုပဲ ရင်းနှီးနေကြ ပြီလေ ။ အသက်ကြီးတဲ့ လူနာတွေ များတော့ ရှက်တာ တို့  အားနာ တာတို့  ဆိုတာလည်း မရှိကြဘုးပေါ့ ၊ကုတင်ပေါ်မှ ဘူဘူ ဘွမ်ဘွမ် အသံဗလံ တွေ ဟာလည်း ရိုးနေကြပါပြီ ။ အဲဒီ အထဲ မတော့ လူနာအဖွားကြီး ဝဝ တယောက် ဆီးချို သွေးတိုး တွေ ရှိတာလည်း အစားမရှောင် ။ ကြိုက်လိုက်တာ က လဲ ကြက်ဥ ဘဲဥ ပြုတ် နဲ့  ကန်စွန်းဥ ပြုတ် ။ အမြဲ လိုလို စားနေတာ တွေ့ ရတယ် ။ ဘယ်လို မှ လည်း ပြောမရ ။ လျှော့စားပါ ဆိုတာလည်း နားမထောင် ။ အဲဒီတော့ သူ့ဗိုက်က လေအမြဲ ပွနေတတ်တယ် ။ သူ့ လေကြောင်းတိုက်ခိုက်မှု ကလည်း ပြင်းထန် ပါပေ့ ။ ဒီနေ့ တော့ တီဗီထဲက လေကြောင်းသရုပ်ပြတာ နဲ့  အပြိုင် အသံစုံ အနံ့ စုံ အသကုန်လွှတ် တိုက်ခိုက်ခြင်း ကို ခံလိုက်ရတော့ .... လူ လည်း E ဆိပ် မိပြီး မအီမလည် ။ ( ဒါတောင် အစာကြေ လေနိုင်တဲ့  ဦးချိန်တီတို့  ၊ ဂြိုလ်တု တို့  ၊ အောင်တံခွန် ဆင်တုံး မနွယ်တို့  သူ တို့  မသိကြသေးလို့  တော်ပါသေးရဲ့  ) ။ ဒါနဲ့ ပဲ E ဋီကာလေး ဆက်ဖြစ်သွား ပါတယ် ။ကလစ်နှိပ်ပြီးဆက်ဖတ်ပါ .....



မြန်မာလို ယဉ်ယဉ်ကျေးကျေးပြောမယ်ဆို ရင် လေလည် သည် ။ အများသုံး စကားက E ပေါက် သည် ။ ကလေးဘဝ၊ ကလေးများက အော်ဆိုကြတာ က အီး အီး ဘယ်သူပေါက် မောင်ပေါက် ၊ ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော ။ ဟောလို့ မကျေ သံပုရာရည် ဖေါင်တော်ဦးက ဘီလူးမကြီး ရှောက်သီးစား ဘွတ် ရွှတ် ဒိုင်း..... တဲ့ ။ နောက်ဆုံးတော့ ဒိုင်း နဲ့  အဆုံးသတ် သွား ရတယ် ။ ဘာလို့ လည်းတော့ မသိပါ ။ ဒီလိုနဲ့  လက်ဆင့်ကမ်းဆိုလာရင်း နဲ့  ... ဒိုင်း ကုန်ကြတာ များလား ။ ဒိုင်း ....ဒိုင်းညှောင့်... မြည်သံစွဲ အလကာင်္ ပေါ့ ။ အင်္ဂလိပ် လို အသံထွက် ( Die ) ဆိုတာ လဲ ..ဒီ ဒိုင်း ဆိုတာနဲ့  ဆက်စပ်နေလိမ့်မယ် ထင်ရဲ့  ။ ကဲ ..လမ်းလွဲ ကုန်ပြီ ။ အီး ဋီကာ ပြန်ဆက်ရအောင် ။ မြန်မာ တွေက ယဉ်ကျေးသည် ။ အရှက်အကြောက်ကြီးကြသည် ။ လူကြား သူကြား E မပေါက်ရဲ( အသက် အရွယ်ကြီး သူများ ၊ မရှက်တတ်သူများ ။ လေရောဂါသည် များက လွဲ ၍ ပေါ့ ) ။အထူးသဖြင့် သမီးရည်းစား များ ( မယူခင်ကပေါ့ နော်) ချိန်းတွေ့ ကြစဉ် E ပေါက် ရ မှာ အလွန် ရှက်ကြသည် ။ လင်မယား ဘဝ ရောက်တော့ အရှက်ကုန် ဆိုတာ ဒါများလား မသိ ။ သူတဘွတ် ကိုယ်တဘွတ် ဖြစ်ကုန်ကြ ပါ လေရော ။ E သူခိုး တို့  ၊ E တယော တို့  ။ဆို ပြီးတော့လည်း တင်စားထားကြတာတွေ ရှိသေးတယ် နော် ။ ရှက်လို့  ခိုးပြီးပေါက်တာ နဲ့  နဲနဲချင်းဖိလွှတ် လို့  တယောသံ လို ရှည်သွားတာ လူမိသွားတော့ မချို မချဉ် မျက်နှာပေး နဲ့ရော ။ ကိုယ်က ပေါက်ပြီး ဟန်လုပ်ကာ နှာခေါင်းကို အရင်ပိတ်လို့ သူများကို ဘုကြည့် ကြည့်တဲ့ သူမျိုး လည်းရှိသေးရဲ့  ။ ဘတ်စ်ကားပေါ်မှာ ။ ရထားပေါ်မှာ ၊ လေယာဉ်ပေါ်မှာ ၊ ရုပ်ရှင်ရုံထဲ မှာ ၊ လူတွေ ကြပ်နေတဲ့  နေရာမှာ အဲဒီလိုမျိုး ကိုယ်တိုင် ခံစား ခဲ့ရသူများ ရှိမှာ ပါ ။ အခု စာဖတ်နေတဲ့ သူ ကိုယ်တိုင်ရော ... .. မခံခဲ့ ရဖူး ဘူးလို့  မငြင်း နဲ့ နော် ။ သိနေတယ် ။း))

ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယော ဓါတ်ကြီး လေးပါး မှန်ကန်စွာ လှည့်ပတ် နေမှ ကျန်းမာတဲ့  လူတယောက်ဖြစ်မှာ ဆိုတော့ ဒီ ဝါယောဓါတ်ကြီး ညီ အောင် ညှိပေးခြင်းဟာ လည်း အလွန် အရေးကြီးပါတယ် ။ အရှေ့ တိုင်းသားတွေ ကတော့ အရှက် ကြီးကြတာ များတယ် ။ အနောက်နိုင်ငံတွေမှာတော့ သူများက E ပေါက်လိုက်ရင် အပေါက်ခံလိုက်ရတဲ့  ဘေးကလူ က ပေါက်သူ ကို ကျေးဇူးတင်ပါတယ် Thanks you လို့တောင် ပြောဆိုကြတယ် ဆို ပါ လား ။ သူတို့ ဆီက E ယဉ်ကျေးမှု ပေါ့ နော် ။

E ယဉ်ကျေးမှု လေးကို ပိုပြီး ပြည့်စုံသွားအောင် အောက်မှ Farting Theories လေးနဲ့  တင်ပြပေးလိုက်ပါတယ်။ ကြာတော့ကြာလှပါပြီ ။ လူအများလည်း ဖတ်ဖူး ပြီးသား ဖြစ်မှာပါ ၊ Forward mail လေးတခုထဲ က ဟာကို ပြန်ကူးထားတာပါ ။

မင်းဘယ်လိုလူလဲ ? ? ?

ယဉ်ကျေးသူ... အီးမပေါက်ခင် 'ခွင့်ပြုပါနော်' ဟုပြောပြီး ၊ အီးပေါက် ပြီးသောအခါ ၊ 'ဆောရီး' ဟုပြောတတ်သူ။

မရိုးသားသူ ....ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ 'ကျွန်တော့်ခွေးလက်ချက်' ဟုပြောတတ်သူ။

မိုက်မဲသူ .... အီးပေါက်ချင်သော်လည်း မပေါက်ပဲ အောင့်ထားသူ။

ဗဟုသုတကြွယ်ဝသူ ....ဘယ်အချိန်၊ ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။

ဒုက္ခရောက်နေသူ ....အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှ ကြိုးစား၍မရသူ။

လျှို့ ဝှက်တတ်သူ ....လက်သည်မပေါ်အောင် (သို့) သူ့ လက်ချက်မှန်းမသိအောင် အီးပေါက် တတ်သူ။

ကြွားဝါတတ်သူ .... အီးပေါက်နိုင်ခြင်း နှင့် ပတ်သက်၍ အလွန် ဂုဏ်ယူ တတ်သူ။

နှိပ်စက်တတ်သူ .... လူများသော နေရာကို ရွေးချယ်၍ အီးပေါက် တတ်သူ။

သိပ္ပံ ပညာကြွယ်ဝသူ .... အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်း မှာစိုးရိမ်သူ။

ရှက်တတ်သူ .... အီးပေါက်ပြီးပြီး ချင်း မျက်နှာ တစ်ခုလုံးနီတက်လာသူ။

အကြံပိုင်သူ .... အီးပေါက်နေစဉ် သူ့ အီးသံကို သူများ မကြားအောင် အသံအကျယ် ကြီးဖြင့် ရယ်မောတတ်သူ။

အသုံးမကျသူ .... အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲက လေတွေကုန်ပြီ ဟုထင်၍ BALANCE ဖြစ်အောင်ဟုဆိုကာ အသက်ပြင်းပြင်း နှင့် တ၀ကြီး ရှူသွင်းတတ်သူ။

ကပ်စေးနဲသူ .... အီးကို ကုန်အောင်မပေါက် ပဲစုဆောင်းထားတတ်သူ။

အတ္တကြီးသူ .... ငါ့အီး အတော်မွှေးပါလား ဟုယုံကြည်သူ။

အပေါင်းအသင်းမက်သူ .... သူတပါး အီးပေါက်ခြင်းကို နှစ်သက်ခုန်မင်သူ။

သီးသန့်ဆန်သူ .... ဆိတ်ကွယ်ရာသို့ သွား၍ အီးပေါက် တတ်သူ။

ရေချစ်သူ ....ရေချိုးဇလုံထဲတွင် ရေချိုးရင်း အီးပေါက် တတ်သူ။

အားကစားသမား .... ပင်ပင်ပန်းပန်း အားမစိုက်ရပဲ အီးပေါက် နိုင်သူ။

ရိုးသားသူ .... အီးပေါက်ပြီးပြီး ချင်း အီးပေါက်ကြောင်း ၀န်ခံတတ်သူ။

အသိဥာဏ်ရှိသူ .... အသံကြားရရုံ ဖြင့် မည်သူ့ အီးဖြစ်ကြောင်း ဖော်ထုတ်နိုင်သူ။

ကံဆိုးသူ .... အီးပေါက်နိုင်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။


ဒီအောက်က ပုံလေးကတော့ မိန်းမပျိုလေးတယောက် .. ရည်းစားနဲ့ ချိန်းတွေ့ တော့ မက်စီကန် အစားအသောက် ၊ ပဲ တွေ စားပြီး ရည်းစားရှေ့ မှာ လေလည်ဖို့ ခက်နေတာ ၊ ဓါတ်လှေခါးထဲ လူတွေ ပိတ်နေ တဲ့  အချိန် လေလည်ချင်တာ အောင့်ထားရတဲ့  ဒုက္ခ လေးများ နဲ့  အိမ်မှာ တယောက်ထဲ လွတ်လွတ်လပ်လပ် ရှိနေချိန်မှာ ဘယ်လောက်တောင် အားရပါးရ လွှတ်ရတဲ့ ပုံလေး ကို ဟာသလေး လုပ်ပြ ထား တာပါ ။ ကြည့် လိုက်ကြပါအုံး ....




အားလပ်ရက်မှာ လွတ်လပ် စွာ လေလည်၍ လည်ပတ် ပျော်ရွှင်နိုင်ကြပါစေ ။ ။ ။

No comments:

Post a Comment

LinkWithin