Friday 21 October 2011

အချစ်ဟာသများ

ဒီနေ့ မိုးမရွာပါ
မိန်းမပျိုတစ်ဦးသည် မြို့ ထဲသို့ အလည်အပတ်ထွက်ရန်ပြင်ဆင်နေစဉ်မိခင်ဖြစ်သူက…
သမီးက ဘယ်ကိုသွားမလို့ လဲကွယ်၊ ရာသီဥတုတွေက ကြည်ကြည်လင်လင်ရှိတာမှမဟုတ်ဘဲ
ဂျင်မီနဲ့ ချိန်းထားလို့ ပါမေမေ၊ သူနဲ့ လျှောက်လည်ကြမလို့ ပါ
သတိထားနော် သမီး၊ မိုးများရွာမလားမသိဘူး၊ အမေလည်း သမီးအရွယ်တုန်းက သမီးလိုပဲချိန်းထားတဲ့ ယောင်္ကျားကလေးသူငယ်ချင်းနဲ အလည်အပတ်ထွက်လိုက်တာ
လမ်းမှာ ရုတ်တရက်မိုးရွာချလိုက်လို့ မိုးအတိတ်စောင့်ရင်းနဲ့ မိုးစုန်းစုန်းချုပ်သွားတယ်၊
အိမ်ကိုမပြန်ရဲဘဲ သူခေါ်ရာနောက်ကို အမေတစ်ခါတည်းလိုက်သွားခဲ့တယ်။သမီးလည်း
အမေ့လိုအဖြစ်မျိုး ကြုံတတ်တယ်နော်၊ ဒီနေ့ မိုးလေမကင်းရှင်းဘူး
သမီးဖြစ်သူက ဖြည်းလေးစွာပြန်လည်ပြောဆိုလိုက်လေ သည်။
စိတ်ချပါအမေ၇ယ်၊ ဒီနေ့ ရာသီဥတု သာယာမှာပါ မေမေ၇ယ်၊မိုးမရွာနိုင်ပါဘူး၊ သမီးကိုချိန်းထားတဲ့ ယောင်္ကျားကလေး က မိုးလေ၀သဌာနကပါမေမေ ဟူ၏။



ဟုတ်ပါ့
ပြင်သစ်ရုပ်ရှင်သရုပ်ဆောင်နှစ်ဦးစကားပြောနေသည်ကိုဤသိုကြားရ၏။
သမက်လောင်း။ ။ ခင်ဗျားသမီးနဲ့လက်ထပ်ပေးထားဖို့ကျွန်တော်တောင်းချင်ပါတယ်

ယောက္ခမလောင်း။ ။ငါ့သမီးတစ်ကိုယ်လုံးမင်းပိုင်ပြီးမှငါ့ဆီမှာတောင်းဖို့
လိုသေးသလားဟူ၏။

မစဉ်းစားနဲ့လေ
တက္ကသိုလ်ကျောင်းသားလေးက သူ့ရည်းစားကောင်မလေးကို ပြောနေသည်။
ထမင်းလခ ပေး စားမယ်ဆိုတော့ ကိုက ငွေမှမရောက်သေးတာ
ကောင်မလေးကပြန်ပြောသည်။
အိုကွယ်ဘာလို့ တစ်ချိန်တည်းမှာပြဿနာနှစ်ခုကို စဉ်းစားနေရတာလဲ ဟူ၏။

လိုသေးလို့ လား
ရှင်ဟာ ကျွန်မတို့ ကလေးတစ်ယောက်ပဲရှိတုန်းက ရှင်နဲ့ ကျွန်မ လက်ထပ်တဲ့ နေ့ 
ရောက်ရင်ကျွန်မကို အထိမ်းအမှတ်ပစ္စည်းတစ်ခုခု ပေးလေ့ရှိတယ်
အခုလည်း ဘာဖြစ်လို့ လဲကွာ
ဘာဖြစ်ရမှာလဲ၊ အခု ကလေးငါးယောက်ရပြီ၊ရှင်လည်း ကျွန်မကိုအထိမ်းအမှတ်
ပစ္စည်း မပေးတော့ဘူး
ဟုတ်တယ်၊ ကလေးငါးယောက်ရပြီပဲ၊ အထိမ်းအမှတ်ပစ္စည်းလိုသေးလို့ လား ကွာဟူ၏။

မေတ္တာပျက်
မိန်းကလေးသူငယ်ချင်းနှစ်ဦး စကားပြောနေကြသည်။
ပပ။ ။ဟဲ့….မြမြ၊နင့်ရည်းစားက နင်ချစ်ခဲ့သမျှတွေကိုဘယ်လိုတုံ့ ပြန်သလဲဟင်
မြမြ။ ။ တစ်ဝက်တစ်ပျက်ပဲတုံ့ ပြန်ပါတယ်
ပပ။ ။ သူနဲ့ ငါ ရည်းစားဘ၀မှာတုန်းက ငါပေးခဲ့တဲ့ ချစ်သက်လက်ဆောင်တွေကို
ပြန်ပေးခဲ့ပေမယ့် စိန်လက်စွပ်နဲ့ ရွှေဆွဲကြိုးကိုတော့ ပြန်မပေးတော့ဘူးလေ ဟူ၏

မမြင်ချင်လည်း၇ပါတယ်
လူပျိုတစ်ဦးသည် မျက်စောင်းထိုးခြံထဲမှ အပျိုတစ်ဦးအား တစ်ဖက်သတ်ချစ်ခင်စုံမက်လျက်ရှိ၏၊ အပျိုဖြစ်သူက သိ၏။သို့ သော်အကြောင်း
ကြောင်းကြောင့်လူပျိုဖြစ်သူ၏မေတ္တာကိုလက်သင့်မခံနိုင်ပေ။
တစ်နေ့ ညနေခင်း မှောင်ရီပျိုးစအချိန်တွင် အပျိုဖြစ်သူ၏ နေ အိမ်၌တစ်ယောက်တည်းရှိနေသည်ကိုလူပျိုဖြစ်သူကချက်ချင်းသိရှိလိုက်၏။ထို့ ကြောင့် အပျိုဖြစ်သူ၏အိမ်သို့အရဲ့ စွန့် ၍သွားလိုက်လေသည်။အပျိုဖြစ်သူက လူပျိုဖြစ်သူ အိမ်ပေါ်သို့ ရောက်ရှိလာသည်နှင့်
ဒီမှာ ကျွန်မ ရှင့်မျက်နှာကိုမကြည့်ချင်ဘူး ၊ရှင့်မျက်နှာကိုမကြည့်ချင်ဘူး
အပျိုဖြစ်သူက လူပျိုအား လေသံမာမာဖြင့် ပြောဆိုလိုက်လေသည်။
ကျွန်မ ရှင့်မျက်နှာကိုလုံးဝမကြည့်ချင်ဘူး
လူပျိုဖြစ်သူက မည်သို့ သဘောပေါက်သွားသည်မသိ။မျက်စိကနံရံပေါ်မှမီးခလုပ်သို့ 
ရောက်သွားသည်။
သြော်…ဒီဟာကြောင့်ကိုး
ပြောပြောဆိုဆို လူပျိုက မီးခလုပ်ကိုပိတ်လိုက်သည်။ တစ်အိမ်လုံး မှောင်ကျသွားလေသည်။
မျက်နှာကိုမမြင်ရတော့ပေ။

အရင်ဖြေပါ

လူငယ်အမျိုးသား။ ။ဦးရဲ့ သမီးနှင့်ကျွန်တော့်ကိုလက်ထပ်ခွင့်ပြုပါဦးရယ်
သမီးဖခင်။ ။ မင်း အရက်ကလေးဘာလေးသောက်တတ်သလား
လူငယ်မျိုးသား။ ။အရက်ကိုနောက်မှတိုက်ပါဦးရယ်၊ကျွန်တော့်တောင်း
ဆိုချက်ကိုအမိန်ရှိပါဦးဟူ၏။

အချစ်စစ်ဆိုတာ
ဒို့ ကို တစ်ကယ်ချစ်ရဲ့ လား
ချစ်တာပေါ့
ဒီလိုဆိုရင် တို့ အတွက် အသက်အသေခံနိုင်ပါ့မလား
ဒို့ အချစ်က မသေတဲ့ အချစ်မျိုးပါ။

လက်ထပ်ခွင့်ပေးပါ
မိန်းမပျိုလေးတစ်ဦးကို ယောက်ျားပျိုလေးတစ်ဦးက…
မင်းကို ကိုယ် လက်ထပ်ချင်ပါတယ်၊ လက်ထပ်ခွင့်ပေးပါကွယ်
ရှင်နဲ့ ကျွန်မတွေ့တာ နှစ်ခါပဲရှိသေးတယ်လေ၊သိကျွမ်းတာ နှစ်ခါပဲရှိသေးတယ်၊ လက်ထပ်ချင်တယ်ဆိုတော့မလွန်ဘူးလားရှင်
မလွန်ပါဘူးခင်ဗျာ၊ ခင်ဗျားကို ကျွန်တော် သိနေတာကြာပါပြီ
ဘယ်လို…ဘယ်လို
မင်း ဘဏ်မှာ ငွေတွေမျေားကြီး ခဏခဏလာအပ်နေကတည်းကပါ၊ ကိုယ်က အဲဒီဘဏ်ရဲ့ဧည့်ကြိုလေ ဟူ၏။


ဝေးလေကောင်းလေ
လူငယ်တစ်ယောက်သည် ကားတစ်စီးကိုငှားပြီးချစ်သူမိန်းခလေးအား ခိုးပြေးလေသည်။
လုံခြုံစိတ်ချရသော မြို့ တစ်မြို့ ရှိ သူငယ်ချင်း အိမ်သို့ ရောက်သောအခါ….
ကျေးဇူးပဲ ကားဆရာ၊ကားခဘယ်လောက်ပေးရမလဲပြောပါ
ပေးဖို့ မလိုပါဘူးခင်ဗျာ။ ကားခကိုခင်ဗျားခိုးလာတဲ့မိန်းခလေးရဲ့ အဖေက အလုံအလောက်ပေးပြီးပါပြီ၊ ပြီးတော့ခင်ဗျားကိုလည်းစာပေးလိုက်ပါတယ် ဟုပြောပြီး
ကားဆရာက စာတစ်စောင် ပေး၏။
စာထဲတွင်….
ပြောမရ ဆိုမရ ဆုံးမ မရလို့  စိတ်ညစ်နေရတဲ့ မိဘများရဲ့ဒုက္ခကို
ပခုံးပြောင်းလွဲယူသွားတဲ့  မောင်၇င့်ကိုကျေးဇူးတင်လွန်းလို့ ကား ခပေးပြီးပါပြီ၊ ဝေးဝေးကိုသာခိုးသွားပါကွယ်ဟူ၏။

ကိုယ်ချင်းစာပါတယ်
စန္ဒာ။ ။ ငါ့ဘ၀မှာ နောင်တရလို့ မဆုံးဖြစ်၇တဲ့ နေ့ ဟာ ငါ့မိဘတွေ
စိတ်တိုင်းကျ ရွေးချယ်ပေးတဲ့  အိမ်ထောင်ဖက်နဲ့ မင်္ဂလာဆောင်ရတဲ့ နေ့ ပါပဲ
သန္တာ။ ။ ငါမင်းနောင်တရတာကိုနားလည်ပေးနိုင်ပါတယ်၊ဘာကြောင့်လဲဆိုတော့
မင်းယောင်္ကျားရဲ့  ရုပ်နဲ့ အသံကို အဲဒီနေ့ က စပြီးမြင်ခဲ့ရတာပဲဟူ ၏။

အကြိုက်တစ်မျိုးစီပေါ့
ပင်မတက္ကသိုလ် စာသင်ဆောင်ရှေ့ တွင် ကျောင်းသူနှစ်ယောက်စကားပြောနေ
ကြသည်။
ငါတော့ချမ်းသာတဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်ချင်တယ်ဆ၇ာ
ဟုတစ်ယောက်ကပြောသည်။
ကျန်တစ်ယောက်ကလည်းပြန်ပြောသည်။
ဟင့်အင်း..ငါကတော့သူ့ ကိုသူချမ်းသာတယ်လို့ ထင်နေတဲ့ ကောင်လေးနဲ့ ပဲဖြစ်
ချင်တယ်။ သူတို့ ကမှတစ်ကယ်၇က်ရောတာဟ ဟူ၏။
ထူထောင်သူကြီး ဘာလုပ်
မိန်းမပျိုတစ်ဦးကို လူပျိုလှည့်နေခဲ့သော လူရွယ်ကို ထိုမိန်းမပျို၏ ဖခင်က
ထူထဲသော မိသားစု ဓါတ်ပုံအယ်လ်ဘမ် တစ်ခုပြသနေခဲ့သည်။ မိသားစုဝင်
အများအပြား၏ ဓါတ်ပုံများကိုဂုဏ်ယူစွာပြသပြီးနောက်တွင် ခန့် ညားထွားကျိုင်း
လှသော သူကြီးတစ်ဦး၏ ဓါတ်ပုံကိုပြသ၍ ၀င်ကြွားစွာဆိုလိုက်သည်။
သူကတော့ ဒီမိသားစုကြီးကို စတင်ထူထောင်လိုက်တဲ့ ငါ့တို့ ရဲ့ 
ဘိုးအေပေါ့
ဟုတ်လား… သူက ဘာလုပ်ခဲ့သလဲဟုလူရွယ်က မေးလိုက်သည်။
သူဒီမိသားစုကြီးကိုထူထောင်ခဲ့တာပေါ့ ဟုအဘိုးကြီးက ထပ်ဖြေလိုက်သည်။
ကျွန်တော်ဆိုလိုတာက သူဂုဏ်ယူလောက်စရာဘာတွေလုပခဲ့သလဲလို့ 
လူရွယ်လေးက ထပ်မေးလိုက်သည်။
ဟ… အခုလိုထင်ရှားကျော်ကြားအောင်မြင်နေတဲ့တို့ မိသားစုကြီးကိုသူစကန
ဦးတည်ထောင်လိုက်တာပေါ့
အဘိုးကြီးကစိတ်မရှည်စွာဖြေလိုက်သည်။
လူ၇ွယ်လေးကသက်ပြင်းချ၍ ပြောလိုက်သည်။
အဲဒါကို ကျွန်တော်နားလည်ပါတယ်ဦး၊ ကျွန်တော်ဆိုလိုတာက နေ့ ခင်းဘက်မှာ
သူ ဘာလုပ်ခဲ့လဲလို့ ဟူ၏။
multiply kooka17 ထံမှဖတ်မိသည့်ဟာသလေးများကို ပြန်လည်ကူးယူမျှဝေထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment

LinkWithin