
သေချင်သေ
ရှင်ဆိုရှင်
နေရဲပေမယ့်
အမုန်းတွေပေး
အဝေးဆုံးကိုတော့
ထွက်မသွားလိုက်ပါနဲ့
မင်းနှလုံးသားနဲ့
ဝေးသွားရင်
ကိုယ်မနေတက်လို့ပါ...
ငါအချစ်တွေကိုကျောက်ထပ်အက္ခရာတင်
မင်းနှလုံးသားမှာသံမှိုလိုစွဲကပ်ထားပြီး
ဘယ်တော့မှမပျက်ဆီးသော
အချစ်တွေနဲ့
ဘ၀ဆက်တိုင်းမင်းနဲ့ပဲဆုံစည်းရပါစေသား
အချစ်စစ်မှန်ရင်အရာရာကိုယ်တို့နှစ်ယောက်
ကျော်လွားနိုင်မှာပါချစ်သူ…..
မင်းအားမလျော့လိုက်ပါနဲ့
မင်းဘက်ကအမြဲရပ်တည်ပေးနေမှာပါ
အရာရာဟာမတည်မြဲပေမယ့်
ငါအချစ်တွေကတော့မင်းအတွက်
တည်မြဲနေတာကိုမင်းသတိရပါ
မင်းအားငယ်နေတဲ့အခါ
ကိုယ်ကိုတမ်းတလိုက်ပါ
ကိုယ်အမြဲတမ်းမင်းဘေးမှာရှိနေမှာပါ
မင်းအတွက်ကိုယ်ဟာ
နေမင်းကြီးဖြစ်သလို
လမင်းကြီးလည်းဖြစ်ပါတယ်
ကိုယ်တို့နှစ်ယောက်ချစ်ခြင်းတရားတွေနဲ့
အရာရာကိုကျော်လွားနိုင်မှာပါ
လောကရဲ့ခရီးကြမ်းဆို
အမြဲတမ်းဖြောင့်ဖြူးနေမှာမဟုတ်ပါဘူး
ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကတော့
ကမ္ဘာအဆုံးရာဇ၀င်တွင်အောင်ချစ်နေမယ့်
အချစ်စစ်ဆိုတာကိုယ်ယုံကြည်ပါတယ်ချစ်သူ
ကိုယ်တို့တခါတလေစိတ်ဆိုးရန်ဖြစ်တာရှိနိုင်ပေမယ့်
ကိုယ်တို့အတွက်အမြဲတမ်းကြီးမဟုတ်ပါဘူး
ကိုယ်အတွက်မင်းက
ဘုရားပေးသောလက်ဆောင်ပါပဲ
မင်းအတွက်ကိုယ်ဟာ..
ဓူဝံကြယ်လိုပါပဲ…
မင်းသွားလိုတဲ့နေရာကိုလမ်းပြပေးမှာပါ
စေလိုရာစေသွားလိုရာ
မင်းသဘောအတိုင်းလိုက်လျောပေးမှာပါ
ဂစ်တာလေးကမေးနေတယ်
သံစဉ်လေးတွေ
သီကုံးတဲ့တက်တဲ့ကောင်မလေး
ဘယ်မှာလဲတဲ့
ဟာ……………..
ကိုယ်ဘယ်လိုဖြေရမလဲ
ပန်းပင်လေးတွေကလည်းမေးနေတယ်
ပန်းပွင့်လေးတွေ
ပန်ဆင်တက်တဲ့ကောင်မလေး
ဘယ်မှာလဲတဲ့
ဟာ………………
ကြယ်ကလေးတွေကလည်းမေးနေတယ်
ကြယ်ကြွေတိုင်းဆုတောင်းတက်တဲ့
ကောင်မလေးဘယ်မှာလဲတဲ့
ဟာ………………..
သူတို့မှာမေးရက်လိုက်တာ
ကိုယ်မှာတော့မင်းကိုလွမ်းလို့
တမ်းတရင်းနဲ့
အလွမ်းတွေကိုအဖော်ပြုရင်း
မင်းပြန်လာမယ့်
လမ်းကစောင့်ကြိုနေမယ်……………………..
ကြယ်တစ်စင်းကြွေကျတယ်
နှလုံးသားရဲ့အနက်ရှိင်းဆုံးနေရာကို
လပြည့်ညရဲ့သန်းခေါင်ချိန်
လစ်ဟာနေတဲ့နှလုံးသား
မင်းပေးခဲ့တဲ့အမှတ်တရများ
သတိရမိတော့
လွမ်းဆွတ်မီ
ကြယ်တစ်ကြွေတိုင်း
တမ်းတမီ
မင်းနှုတ်ခမ်းက
အနမ်းတစ်ပွင့်
ကြေကွဲနေတယ်
ငါ့တစ်ယောက်တည်း
ဘယ်ဆီမှာလဲ
ငါရဲ့အချစ်
ကမ္ဘာတစ်ဖတ်ဆီမှာ
မဆုံနိုင်အောင်ဝေး
ဘယ်ဘ၀က၀ဋ်ကြွေးလဲ
ကြယ်ကလေးရယ်
ပြောပြလိုက်ပါတယ်
ကျနော်…………….
အရမ်းလွမ်းနေတယ်လို့