Wednesday 21 September 2011

ဘယ်ဆီမှာလဲ


ဂစ်တာလေးကမေးနေတယ်

သံစဉ်လေးတွေ

သီကုံးတဲ့တက်တဲ့ကောင်မလေး

ဘယ်မှာလဲတဲ့

ဟာ……………..

ကိုယ်ဘယ်လိုဖြေရမလဲ

ပန်းပင်လေးတွေကလည်းမေးနေတယ်

ပန်းပွင့်လေးတွေ

ပန်ဆင်တက်တဲ့ကောင်မလေး

ဘယ်မှာလဲတဲ့

ဟာ………………

ကြယ်ကလေးတွေကလည်းမေးနေတယ်

ကြယ်ကြွေတိုင်းဆုတောင်းတက်တဲ့

ကောင်မလေးဘယ်မှာလဲတဲ့

ဟာ………………..

သူတို့မှာမေးရက်လိုက်တာ

ကိုယ်မှာတော့မင်းကိုလွမ်းလို့

တမ်းတရင်းနဲ့

အလွမ်းတွေကိုအဖော်ပြုရင်း

မင်းပြန်လာမယ့်

လမ်းကစောင့်ကြိုနေမယ်……………………..


No comments:

Post a Comment

LinkWithin