Wednesday 21 September 2011

ချစ်သူဖတ်ရန်...


ငါအချစ်တွေကိုကျောက်ထပ်အက္ခရာတင်

မင်းနှလုံးသားမှာသံမှိုလိုစွဲကပ်ထားပြီး

ဘယ်တော့မှမပျက်ဆီးသော

အချစ်တွေနဲ့

ဘ၀ဆက်တိုင်းမင်းနဲ့ပဲဆုံစည်းရပါစေသား

အချစ်စစ်မှန်ရင်အရာရာကိုယ်တို့နှစ်ယောက်

ကျော်လွားနိုင်မှာပါချစ်သူ…..

မင်းအားမလျော့လိုက်ပါနဲ့

မင်းဘက်ကအမြဲရပ်တည်ပေးနေမှာပါ

အရာရာဟာမတည်မြဲပေမယ့်

ငါအချစ်တွေကတော့မင်းအတွက်

တည်မြဲနေတာကိုမင်းသတိရပါ

မင်းအားငယ်နေတဲ့အခါ

ကိုယ်ကိုတမ်းတလိုက်ပါ

ကိုယ်အမြဲတမ်းမင်းဘေးမှာရှိနေမှာပါ

မင်းအတွက်ကိုယ်ဟာ

နေမင်းကြီးဖြစ်သလို

လမင်းကြီးလည်းဖြစ်ပါတယ်

ကိုယ်တို့နှစ်ယောက်ချစ်ခြင်းတရားတွေနဲ့

အရာရာကိုကျော်လွားနိုင်မှာပါ

လောကရဲ့ခရီးကြမ်းဆို

အမြဲတမ်းဖြောင့်ဖြူးနေမှာမဟုတ်ပါဘူး

ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကတော့

ကမ္ဘာအဆုံးရာဇ၀င်တွင်အောင်ချစ်နေမယ့်

အချစ်စစ်ဆိုတာကိုယ်ယုံကြည်ပါတယ်ချစ်သူ

ကိုယ်တို့တခါတလေစိတ်ဆိုးရန်ဖြစ်တာရှိနိုင်ပေမယ့်

ကိုယ်တို့အတွက်အမြဲတမ်းကြီးမဟုတ်ပါဘူး

ကိုယ်အတွက်မင်းက

ဘုရားပေးသောလက်ဆောင်ပါပဲ

မင်းအတွက်ကိုယ်ဟာ..

ဓူဝံကြယ်လိုပါပဲ…

မင်းသွားလိုတဲ့နေရာကိုလမ်းပြပေးမှာပါ

စေလိုရာစေသွားလိုရာ

မင်းသဘောအတိုင်းလိုက်လျောပေးမှာပါ

No comments:

Post a Comment

LinkWithin