Tuesday 27 September 2011

မင်းသိစေရန်


ဝေးခဲ့ရတဲ့ညတွေ
တွေ့ခွင့်မရှိတဲ့
နေ့တွေမှာ
မင်းကောင်းကင်ပေါ်ကို
မော့ကြည့်လိုက်ပါ......
ကောင်းကင်တစ်ခွင်လုံး
လင်းလတ်နေတဲ့
ကြယ်လေးတွေက
ကိုယ်ပါပဲ
မင်းကို
ညစဉ်ညတိုင်းဖော်ပြုပေးလိမ့်မယ်
မနက်ခင်းတိုင်းမှာ
ကောင်းကင်ကိုမော့ကြည့်လိုက်ပါ
လွင့်မျောနေတဲ့
တိမ်တွေက
ကိုယ်ပါ
မင်းကို
နေစဉ်နေတိုင်းအဖော်ပြုပေးလိမ့်မယ်.........

No comments:

Post a Comment

LinkWithin