Thursday 22 September 2011

`ချစ်သူ...´


`ချစ်သူ...´
ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း
မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ...
အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့
သတိရနေဆဲပါ ချစ်သူ...
အနမ်းတွေ ပေးချင်နေပေမယ့်
ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး...
ငါမင်းကို အပြစ်မပြောရက်ပါဘူး
ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ...
`ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင်
ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ...
`ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး...
ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင်
ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ...
tunlinag23@gmail.com

No comments:

Post a Comment

LinkWithin